သတင်းများ

မုဒုံမြို့နယ်တွင် စက်သုံးဆီကို သတ်မှတ်စျေးနှုန်းထက် ကျော်လွန်ရောင်းချပါက ထိရောက်စွာ အရေးယူမည်
Dec 12,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားကဏ္ဍများတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆီဆိုင်ပိုင်ရှင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
လားရှိုးမြို့တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာနေရသူများအား အခြားမြို့နယ်များရှိ စေတနာရှင်အလှူရှင်များက အသုံးအဆောင်ပစ္စည်းများ ပေးပို့လှူဒါန်း
Dec 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအတွက် အခြားမြို့နယ်များတွင်နေထိုင်ကြသည့် စေတနာရှင်အလှူရှင်များက အသုံးအဆောင်ပစ္စည်းများ ပေးပို့လှူဒါန်းကြကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  Microsoft Office Power Point နှင့် Excel အသုံးပြုနည်း ရက်တိုသင်တန်းဆင်းပွဲ ကျင်းပ
Dec 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌  ဌာနဆိုင်ရာများနှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ Microsoft Office Power Point နှင့် Excel အသုံးပြုနည်း ရက်တိုသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
အာဆီယံ-ဂျပန်ဗဟိုဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အကောင်အထည်ဖော်ဆောင်ရွက်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 12,2023
အာဆီယံ-ဂျပန် ဗဟိုဌာန၏ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အကောင်အထည်ဖော် ဆောင်ရွက်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃)မျိုးဖွင့်ပွဲ အခမ်းအနားကို ညောင်ဦးမြို့နယ် Heritage Hotel ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲ ကျင်းပ
Dec 12,2023
ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့်စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၉/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်အားကစားရေးရာအကြောင်း သိကောင်းစရာများ အသိပညာပေး ဆောင်ရွက်
Dec 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်းကျင်းပသော ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က တပ်ဦး ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ကျင်းပပြုလုပ်သည်။
မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်နိုင်ရန် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 12,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့ အ.လ.က(ကျိုက်ပိ)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ပြုလုပ်
Dec 12,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့်  စာပေချစ်သူများအသင်းတို့ ပူးပေါင်း၍  လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ကျိုက်ပိ)၌ ကျင်းပ ပြုလုပ်ခဲ့သည်။