သာပေါင်း ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သာပေါင်းမြို့နယ်၊ ကွင်းသာယာလမ်း ကွန်ကရစ်လမ်း ဖွင့်လှစ်ပေးပြီး သဲဖြူကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမှုကို တတ်ရောက်ကြည့်ရှု အားပေးခဲ့သည်။
သာပေါင်းမြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော အမှတ်(၃) ရပ်ကွက်၊ ကွင်းသာယာလမ်း၊ ကွန်ကရစ်လမ်းသစ်အား မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ (၃၁.၅၄၆)ကျပ်သန်းဖြင့် အရှည် (၇၃၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၈)လက်မ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအထိမ်းအမှတ်အလံအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးမှ ပေးအပ်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်ထံသို့ သာပေါင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်မှ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်း အမှတ်အလံအား ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းကိုကိုတို့မှ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် ကွင်းသာယာလမ်း၊ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သဲဖြူ ကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်မောင်မြင့်မှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားကာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်