ပြင်ဦးလွင်မြို့နယ်တွင် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်ကျင်းပသည့် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့်တာဝန်ရှိသူများ၊ အ.ထ.က (၁) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စာရေးဆရာကို ရွှေအောင်သင်း၊ ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာသက်နိုင်(ပြင်ဦးလွင်)၊ ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌဒေါ်အေဇင်မေ၊ မြင့်မြတ်စာကြည့်တိုက်မှ ဦးမြင့်ဆွေနှင့် Book Club အဖွဲ့ဝင် ဦးအောင်သူတို့ တက်ရောက်ကြသည်။