တီးတိန်မြို့၌ မွေးမြူရေးသင်တန်း ဖွင့်လှစ်

တီးတိန် ဒီဇင်ဘာ ၁၂

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးမြူရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တီးတိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်၌ ပြုလုပ်သည်။

ဦးစွာ တီးတိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြးပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းတွင် မွေးမြူမည့် တိရစ္ဆာန်များ မျိုးရွေးချယ်ခြင်း၊ ခြံဆောက်လုပ်ခြင်း၊ အစာကျွေးမွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ကာကွယ်ဆေးဆိုင်ရာ ဆောင်ရွက်မည့် နည်းလမ်းများကို ပို့ချသွားမည် ဖြစ်သည်။

မွေးမြူရေးသင်တန်းကာလသည် ရက်သတ္တပတ် (၂)ပတ်ဖြစ်ပြီး မြို့ပေါ်နှင့် ကျေးရွာ(၈)ရွာမှ မွေးမြူရေးတောင်သူများ (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

ဒိုင်းခန့်ဒိမ့်