ကျောင်းကုန်း ဒီဇင်ဘာ ၁၂
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာများ၊ ကျောင်းသား/သူများက ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းတိုက်နယ်ဆေးရုံသို့ ယမန်နေ့က ကွင်းဆင်း၍ ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ကြသည်။
အဆိုပါ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာများ၊ ကျောင်းသား/သူများက ကျန်းမာရေး ပညာပေးခြင်း၊ သွားကျန်းမာရေးစစ်တမ်းကောက်ယူခြင်းနှင့် လူနာ (၉၀)ဦးတို့အား သွားဘက်ဆိုင်ရာ ဆေးကုသမှုပေးခြင်းတို့ ဆောင်ရွက်ပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်တို့ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)