ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ဘုရား (၁၁)ဆူအား မိုးကြိုးလွှဲ တပ်ဆင်သွားမည်

ညောင်ဦး  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ပုဂံရှေးဟောင်းယဉ်ကျေး မှုအမွေးအနှစ် ဒေသအတွင်းရှိ ဘုရား(၁၁)ဆူကို မိုးကြိုးလွှဲတပ်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် အပူပိုင်း မိုးနည်းရပ်ဝန်းဒေသတွင်ပါဝင်သော်လည်း ရာသီဥတုဖောက်ပြန်မှုများနှင့်အတူ ၂၀၂၃ ခုနှစ်အတွင်း ဗူးဘုရားစေတီတော်နှင့် ဓမ္မရာဇက စေတီတော်တို့အား မိုးကြိုးစက်ကွင်းထိမှန်ခဲ့ကြောင်း ရှေးဟောင်း အဆောက်အအုံများ ရေရှည် တည်တံ့စေရန်နှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကိုလည်း အမြဲမပြတ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ သမိုင်းအထင်ကရဘုရားများဖြစ်သည့် ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇကဘုရား၊ ရွှေဆံတော်ဘုရား၊ မဟာဗောဓိဘုရား၊ မြစေတီဘုရား၊ မနုဟာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ပြဿဒ်ကြီးဘုရား၊ ပံ့သကူမဟာထေရ်ဘုရားနှင့် သိကြားပုန်းဘုရားတို့အား မိုးကြိုးလွှဲတပ်ဆင်နိုင်ရေး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ရှေးဟောင်းသုနေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့်ဆောက်လုပ်ရေး အထူးအဖွဲ့(၇)မှ တာဝန်ရှိသူများ ရှေးဟောင်းဘုရား(၁၁)တို့ကို မိုးကြိုးလွှဲတပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း