ကျောက်ဆည်မြို့၌(၇၉) နှစ်မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  (၇၉) နှစ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် စာပေအသိပညာ ဗဟုသုတရရှိစေရန်၊ စာဖတ်ရှိန်မြင့်မားစေရန်၊ ဘက်စုံထူးချွန်သော ကျောင်းသား၊ကျောင်းသူများ ဖြစ်စေရန်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ(၇၉)နှစ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် စာဖတ် စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ(၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)