ကရသူရိ ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံပြည်သူများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ် ဟင်းသီး/ ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိကြောင်း သိရသည်။
“အချိန်တိုအတွင်း စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေရရှိတဲ့ ဟင်းသီး/ဟင်းရွက်တွေ စိုက်ပျိုးထားပါတယ်။ အဓိကတော့ ခရမ်း၊ ချဉ်ပေါင်၊ ပဲတောင့်ရှည်၊ ငရုပ်သီး၊ မုန်လာဥ၊ ကန်းစွန်းရွက်တို့ကို စိုက်ပျိုးထားပြီး လူကြိုက်များသည့်အတွက် ရောင်းအားလည်းကောင်းတယ်။ လက်ရှိကတော့ ခရမ်းသီးတစ်ပိဿာကို(၁၄၀၀)ကျပ်၊ ပဲတောင့်ရှည်၊ မုန်လာဥနှင့် ကန်းစွန်းရွက် (၁)စီးကို (၄၀၀) ကျပ်၊ ချဉ်ပေါင်(၁)စီးကို (၃၀၀)ကျပ်နှင့် ငရုပ်သီးအစိမ်း(၁)ဘူးကို(၉၀၀)ကျပ်ရရှိပြီး စိုက်ခြံအတွင်း လာရောက်ဝယ်ယူလျက်ရှိကာ တစ်နေ့ဝင်ငွေ(၂၆၀၀၀)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်း” စိုက်ပျိုးသူ တစ်ဦး ကပြောသည်။
အဆိုပါ ရာသီပေါ် ဟင်းသီး/ဟင်းရွက်စိုက်ပျိုးခြင်းသည် အရင်းအနှီးနည်းပါးပြီး မိသားစု စားဝတ်နေရေးအတွက် လတ်တလော အပိုဝင်ငွေရရှိသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)