ဝမ်းတွင်း ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများနှင့် ပတ်သက်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေနှင့် မီးဘေးလုံခြုံရေးအတွက် အလေး ထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေး အကြံပြုခြင်းများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)