ကျောက်ပန်းတောင်းမြို့နယ် ကန်ရဲကျေးရွာတွင် VDP စီမံကိန်းဖြင့်ဆောင်ရွက်ခဲ့သည့် ရေစင်နှင့်အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်၊ ဆုံရွာကျေးရွာ အုပ်စု၊ ကန်ရဲကျေးရွာ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများက ကန်ရဲကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ လွယ်ကူလျင်မြန်စွာ ရယူသုံးစွဲနိုင်စေရန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်၊ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ၁၀၀% ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး၊ ကျေးရွာရပ်မိရပ်ဖများ၊ ကော်မတီ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားသည်။

အဆိုပါ ကန်ရဲကျေးရွာ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို၊ နိုင်ငံတော်ထောက်ပံ့ငွေကျပ်သန်း (၁၅.၀၀)သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ်သန်း(၄.၇၀)သန်း စုစုပေါင်း (၁၉.၇၀)ကျပ်သန်းဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိပတ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လုပ်ငန်းအားလုံး ၁၀၀% ပြီးစီးပြီဖြစ်၍ ၎င်းကျေးရွာ ရှိ အိမ်ခြေ(၃၃၉)အိမ်၊ အိမ်ထောင်စု(၃၄၁)စုမှ လူဦးရေ(၂၀၀၈)ဦးတို့အတွက် သန့်ရှင်းသော သောက်သုံးရေများ လွယ်ကူလျှင်မြန်စွာရယူသုံးစွဲနိုင်ကြပြီ ဖြစ် ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)