သတင်းများ

ကဝမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခနာ)၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခနာ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် အာဖရိကဝက် အပျင်းဖျားရောဂါ ပညာပေးသင်တန်း ဖွင့်လှစ်
Dec 12,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့်   ပြည်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိအောင် စနစ်တကျ မွေးမြူနိုင်ရေးအတွက်  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့် အာဖရိက ဝက်အပျင်းဖျားရောဂါ ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက ကုလားဘီကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် စတင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Dec 12,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက (အ.မ.က)  ထန်းတောကျောင်း၌ ပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အားကစား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပပြုလုပ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ (ထက်/လယ်/မူ)အဆင့်  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အခြေခံပညာ (ထက်/လယ်/မူ) အဆင့်  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၀၉:၀၀ နာရီက အဆိုပါကျောင်းရှိ စူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြပွဲ ကျင်းပ
Dec 12,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင် ပြသ‌ဆောင်ရွက်ခြင်းအား ယနေ့နေ့လယ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဆောင်းရာသီ အခြေခံအားကစား (ဝူရှူး၊ ပိုက်ကျော်ခြင်း) သင်တန်းဆင်းပွဲ ကျင်းပ
Dec 12,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ ဆောင်းရာသီ အခြေခံအားကစား (ဝူရှူး၊ ပိုက်ကျော်ခြင်း) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေဖြင့်  ဆီစက်လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးခြင်းအခမ်းအနား ကျင်းပ
Dec 12,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဆီစက် လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီ အချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြတ်စိမ်း၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးအောင်ကျော်ထူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းနိုင်ဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမြင့်ထွန်းလျှံနှင့် ဆီစက်လုပ်ငန်းရှင်(၈)ဦး တက်ရောက် ကြကြောင်း သိရှိရသည်။