(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

အလုံ ဒီဇင်ဘာ ၁၄

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကွန်တိန်နာစည်ပင်ဝန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးဒေါ်မေကြည်ဦးဦးဆောင်သည့် အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးမှူး၊ အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးဆရာအသင်းအဖွဲ့ဝင်များ၊  အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တာဝန်ရှိသူများပါဝင်သည့်  ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ကွန်တိန်နာစည်ပင်ဝန်းတွင်နေထိုင်သည့် ပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာ  လူနာစုစုပေါင်း(၁၂၂)ဦးကို  ကုသပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)