သတင်းများ

ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ(အ.ထ.က)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးနှင့်ကဗျာပြိုင်ပွဲများကျင်းပ
Dec 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး မြန်မာစာပေနှင့် စွမ်းရည်တိုးတက်မြင့်မားလာစေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ပုံ​ပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံပုံပြောစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နေ့လည်(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုသိမ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး Campaign ပြုလုပ်
Dec 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး Campaign ကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့အဝင် ကိုးဆူတိုးဂိတ်နှင့်ချောင်းသာ-ငွေဆောင်လမ်းဆုံ တံတား အမှတ် (၁) အနီးတို့တွင် ဆောင်ရွက်ခဲ့သည်။
အရည်အသွေးကောင်းစက်အုတ်များ ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာတွင် ထုတ်လုပ်ရောင်းချနေ
Dec 14,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနောက်ပလင်းကျေးရွာ၌ စက်ဖြင့်ထုတ်လုပ်နေသည့် အရည်အသွေးကောင်း စက်ရိုက်အုတ်နီများ ထုတ်လုပ်ရောင်းချနေကြောင်း ဇော်ညီအကိုစက်ရိုက်အုတ်လုပ်ငန်း လုပ်ကိုင်သည့်မိသားစုထံမှ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် သင်တန်းသူများအား တွေ့ဆုံ
Dec 14,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်)နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် သင်တန်းသူများ တွေ့ဆုံပွဲကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ အယ်လ်နီညိုရာသီဥတုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်နိုင်သည့်အတွက် ရာသီဥတုဒဏ် ခံနိုင်သည့် နည်းပညာ ပေးသင်တန်းဖွင့်လှစ်
Dec 14,2023
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့် ဦးဆောင်သော ဝန်ထမ်းများသည် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်လာပါက တောင်သူများ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဆိုးကျိုးများကို တောင်သူများသိရှိပြီး ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်ပြီး အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်နိုင်သည့်အတွက် ရာသီဥတုဒဏ်ခံနိုင်သော နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်၌ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများ ဈေးကွက်တွက်ခြေကိုက်နေ
Dec 14,2023
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများလာပြီး ဖီးကြမ်းငှက်ပျောပေါ်ချိန် ဈေးကွက်တွက်ခြေကိုက်နေကြကြောင်း ဖီးကြမ်းငှက်ပျောစိုက်တောင်သူများထံက သိရသည်။