သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွပ္မရာ(ဆွမ်ပရာ)မြို့၊ နှစ်ခြင်းအသင်းတော် ၇၅ နှစ်မြောက်၊ စိန်ရတု နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်
Dec 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဆွပ္မရာမြို့၊ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ဆွပ္မရာ(ဆွမ်ပရာ)နှစ်ခြင်း အသင်းတော် စိန်ရတုနေ့ အခမ်းအနားသို့ တက်ရောက်ကြရာ ရှေးဦးစွာ နှစ်ခြင်းအသင်းတော် သိက္ခာရဆရာတော်မှ ဆွပ္မရာနှစ်ခြင်းအသင်းတော် ဖြစ်ပုံလာပုံအကြောင်းအား ရှင်းလင်းပြောကြားသည်။
ရမည်းသင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝအန္တရာယ်ဆိုင်ရာများ ပညာပေးဟောပြောပွဲကျင်းပ
Dec 14,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးစီမံဆိုင်ရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ရမည်းသင်းမြို့ သိမ်ကုန်းအခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ
Dec 14,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က.(မူလွန်) အောင်သုခကျောင်း၌ ပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် ဧကရာဇ်/ပေါ်ဆန်းယဉ်စပါးမျိုးရိတ်သိမ်း
Dec 14,2023
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်)စီမံကိန်းအားသမဝါယမကဏ္ဍမှ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘုမ္မော်ရပ်ကွက်၊ ရွှေဂျိုးဖြူ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမသင်းမှ အသင်းသားတောင်သူ ဦးဝင်းနိုင်၏ ကျောက်မော်ကွင်းအမှတ်ရှိ ဧကရာဇ်/ပေါ်ဆန်းယဉ်စပါးမျိုး ရိတ်သိမ်းနေမှုအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
Dec 14,2023
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
ချောင်းဆုံမြို့နယ် နှီးမုတ်(အ.လ.က)ကျောင်းတွင် ဘက်စုံထူးချွန်သည့် လူငယ်များပေါ်ထွန်းလာစေရေး “လူငယ်စကားဝိုင်း” ကျင်းပ
Dec 14,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့်ပြည့်စုံလာစေရေးနှင့် အသိပညာတိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်(၁၀)နာရီက နှီးမုတ် (အ.လ.က) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 14,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ ဒေါက်တာမတင်၀င်းရေးသားသည့် ''ပျော်ရွှင်အောင်မြင်လုပ်ငန်းခွင်မှာ'' စာအုပ်ကို ယနေ့နံနက် (၁၀) နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Dec 14,2023
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ထိန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။