တန့်ယန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပ

တန့်ယန်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်နှင့်ဆရာ ဆရာမများ ကြီးကြပ်၍ အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၅)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် (၆) ဦး၊ အလယ်တန်းအဆင့် (၁၆)ဦး၊ မူလတန်းအဆင့်(၁၄)ဦး၊ စုစုပေါင်း(၄၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                                                

မင်းလွင်ဦး(ပြန်/ဆက်)