တန့်ယန်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် သံဃာ့ဆေးရုံနှစ်ထပ်ဆောင်သစ် ဆောက်လုပ်နိုင်ရန်အတွက် ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မာဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒထံမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ရတနာရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်များနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆရာတော်ကြီးများနှင့် တာဝန်ရှိသူအသီးသီးတို့က ရတနာရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်များကို သတ်မှတ်နေရာတို့တွင် စီပေးကြကာ ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို အောင်မြင်ပြီးမြောက်စေခဲ့ကြောင်းနှင့် အဆိုပါ သံဃာ့ဆေးရုံနှစ်ထပ်ဆောင်သစ်သည် အလျား(၅၀)ပေ၊ အနံ(၄၀)ပေရှိ အာစီ အမျိုးအစားဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)