ကလိန်အောင် ဒီဇင်ဘာ ၁၄
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့်လူငယ် (Youth Club) အသင်းတို့ပူးပေါင်း၍ စာရေးဆရာ "အောင်သစ်" ရေးသားထားသည့် "အနာဂတ်လူငယ်နှင့်အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများမျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ အောင်သစ်ရေးသားထားသော အနာဂတ်လူငယ်နှင့် အခွင့်အလမ်းစာအုပ်ပါ အသိပညာပေးဆောင်းပါးများကို စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင် ဒေါ်မိုးမိုးအေးနှင့် စာပေဝါသနာရှင် မဖြူဖြူထွန်းနှင့်မောင်ယူလင်းကိုကိုတို့က စာအုပ်ပါ အသိပညာပေး ဆောင်းပါးအကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)