မိုင်းနောင် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ် ဗုဒ္ဓဘာသာဝင်များ၏ Sunday Dhamma School ယဥ်ကျေးလိမ္မာ (မြန်မာ၊ရှမ်း) နှစ်ဘာသာသင်တန်းဆင်းပွဲကို ယမန်နေ့ ၊ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်္ဂလာရန်အောင်ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဘောဂါဘိပါလ၊ သိဋ္ဌဥဘတောဘင်္ဂရေ ဝိနယဓရ (ပိဋကတ်တစ်ပုံဆောင်) ပရိယတ္တိသဒ္ဒမ္မပါလဓမ္မာစရိယ၊ သာသနဓဇဓမ္မာစရိယ (M.A Sritanka) မှ အဖွင့်သြဝါဒစကားမြွက်ကြား၍ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက သင်တန်းပြီးမြောက်သည်အထိ သင်ပြပေးသော ဆရာ/ဆရာမများနှင့် သင်တန်းတွင် ကြိုးကြိုးစားစား သင်ယူကြသူများအား ချီးကျူးဂုဏ်ပြုစကား ပြောကြားကာ သင်တန်းသား၊ သင်တန်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခြင်း၊ ကံစမ်းမဲဖောက်ပေးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းထိုင်ဆရာတော်မှ သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ အခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော်များက ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့်နှင့် သင်တန်းပြီးမြောက်ခြင်း လက်မှတ်များကို ပေးအပ်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)