မိုးညိုမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုဆောင်ရွက်ပေး

မိုးညို ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မူလွန်(ပေါက်ကုန်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရန်အတွက် စာပေများများဖတ်ရှုကြရန်၊ စာဖတ်ခြင်းကြောင့်အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများဟောပြောခြင်း၊ ဒုတိယဦးစီးမှူးဒေါ်အေးအေးဟန်က လူကုန်ကူးမှုအန္တရာယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်အေးအေးဟန်နှင့်ရုံးအကူ ဒေါ်သုန်နဒီကိုတို့က ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်‌ပြောခြင်းအစီအစဉ်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် နံရံကပ်စာစောင်များအားကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)