သုံးခွ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေဖြင့် ကတုံးပေါ်အလယ်ကျေးရွာတွင် ဇော်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ယူ၍ (၂မိုင်၅ ဖာလုံ x၁၂ ပေx၉ လက်မ) ကုန်ထုတ်ဂဝံလမ်းခင်းခြင်းနှင့် (၂၂ ပေx၅ ပေ ၃ လက်မ x၇ ပေ ၉ လက်မ) Slab Culvert နှစ်စင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုကို တာဝန်ရှိသူများက ယမန်နေ့ နံနက်၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
လုပ်ငန်းခွင်သို့ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်နှင်းချို၊ တာဝန်ခံအင်ဂျင်နီယာနှင့်အဖွဲ့သည် ကုမ္ပဏီ တာဝန်ခံ အင်ဂျင်နီယာ၊ ကျေးရွာလမ်းကော်မတီတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နေ့လယ်ပိုင်းတွင် QC အဖွဲ့မှလာရောက်ကာ လုပ်ငန်းများအရည်အသွေး စံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ရက်ပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထား လုပ်ဆောင်ကြရန် တာဝန်ရှိသူများကိုမှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၄၈၈) အိမ်၊ လူဉီးရေ (၁၆၂၀) ၊ တို့၏ လယ်ဧက (၂၁၀၀) မှ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့အချိန်နှင့်တစ်ပြေးညီ တင်ပို့ ရောင်းချနိုင်မည်ဖြစ်သဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်