ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်စက်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် (၁၅-၁၂-၂၀၂၃) ရက်နေ့  (၁၀း၀၀)နာရီ အချိန်မှ (၁၅း၀၀)နာရီ အချိန်အထိ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၃၄၃)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြကြောင်းနှင့်   သက်ဆိုင်ရာ  ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရှင်းလင်းပြသကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)