သာစည်မြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ပြုလုပ်

သာစည် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့် အမျိုးသားဘော်လီဘော ပြိုင်ပွဲပြုလုပ်ပြီး ဆုများချီးမြှင့်ပွဲကို  ယနေ့ နံနက် ၅ နာရီခွဲက ပြုလုပ်ကြောင်းသိရသည်။

နံနက် ၅ နာရီခွဲတွင် စုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုရပ်ဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနရုံးရှေ့မှ စတင်၍ တောင်ကြီး-မိတ္ထီလာကားလမ်းအတိုင်း သာစည်မြို့ အနောက်ဘက်အထွက်လမ်းအနီးရှိ ဝေယံစတားစက်သုံးဆီဆိုင်ရှေ့အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အဆိုပါဆိုင်ရှေ့တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စုပေါင်းလမ်းလျှောက်အဖွဲ့ကို ကောက်ညင်းပေါင်းကျွေးခဲ့ကြောင်း သိရ သည်။

ဆက်လက်ပြီး နံနက် ၈ နာရီတွင် မြို့နယ်အားကစားပြိုင်ကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ဒီဇင်ဘာလူထုအားကစားလအထိမ်းအမှတ်အဖြစ် အသင်း ၅ သင်းဖြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲပြုလုပ်ပြီး ပထမ၊ ဒုတိယရရှိသည့်အသင်းများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်