ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Resources Venture International Publication မှ (၅)ကြိမ်မြောက် Bagan Race 2023 အပြေးပြိုင်ပွဲကျင်းပ

ညောင်ဦး ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Resources Venture International Publication မှ (၅)ကြိမ်မြောက် Bagan Race 2023 အပြေးပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက် ၆ နာရီအချိန်က အာနန္ဒာဘုရားကြီးတောင်ဘက်မုခ်မှစတင်၍ တာလွှတ်ကာ Bagan Race 2023 အပြေးပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

Bagan Race 2023 အပြေးပြိုင်ပွဲအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ RVIPS Publication မှအုပ်ချုပ်သူ စင်္ကာပူနိုင်ငံသား MR.Argus Ang ၊ မန်နေဂျာဒေါ်ခင်ပြုံးဝေတို့မှ တာလွှတ်နိုင်ငံတော်အလံတို့အား ဝှေ့ရမ်းတာလွှတ်ပေးခဲ့ကြောင်း သိရသည်။ Bagan Race 2023 အပြေးပြိုင်ပွဲတွင် သုံးကီလိုမီတာတန်း၊ ငါးကီလိုမီတာတန်းနှင့်တစ်ဆယ်ကီလိုမီတာတန်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရပြီး သုံးကီလိုမီတာတန်းအပြေးပြိုင်ပွဲတွင်(၁၉၉)ဦး၊ ငါးကီလိုမီတာတန်းအပြေးပြိုင်ပွဲတွင်(၄၁၈)ဦး၊ တစ်ဆယ်ကီလိုမီတာတန်းအပြေးပြိုင်ပွဲတွင် (၈၂)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး တစ်ဆယ်ကီလိုတန်းတွင် ပထမဆုရရှိသူတို့အား ငွေကျပ်(၁၀)သိန်းစီ၊ ဒုတိယဆုရရှိသူတို့အား ဆုငွေ(၈)သိန်းကျပ်၊ တတိယဆုရရှိသူတို့အား ဆုကြေးငွေကျပ်(၆)သိန်းစီတို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်မှဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ငါးကီလိုမီတာအပြေးပြိုင်ပွဲတွင် ပထမဆုအား (၈)သိန်းကျပ်၊ ဒုတိယဆု(၆)သိန်းကျပ်နှင့် တတိယဆုရရှိသူ(၄)သိန်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းတို့က ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ငါးကြိမ်မြောက် Bagan Race 2023 အပျော်တမ်းအပြေးပြိုင်ပွဲတွင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာဘုရားကြီးနှင့်ဓမ္မရာဇကစေတီ တော်ကြီးဘက်စုံးအသုံးပြုနိုင်ရန် ငွေကျပ်(၁၀)သိန်းစီနှင့် ညောင်ဦးမြို့နယ်အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သော စေတဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ စေတဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ရွှေဥမင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့အား Resourses Venture International Publication မှ ကျပ်(၁၀)သိန်းစီ လှူဒါန်းခဲ့ကြောင်းသိရကာ (၅)ကြိမ်မြောက် Bagan Race 2023 အပျော်တမ်းအပြေးပြိုင်ပွဲသို့ ပြည်တွင်းပြည်ပနိုင်ငံသားများ(၈၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း