ဒဂုံမြို့သစ်‌ (မြောက်ပိုင်း) မြို့နယ် (၅၀) ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းများဆောင်ရွက်

ဒဂုံ(မြောက်) ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌ (မြောက်ပိုင်း)မြို့နယ်၊ (၅၀) ရပ်ကွက်၊ ၅၀- ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် စစ်ဆေးခြင်းတို့ကို ယမန်နေ့ ညနေပိုင်း က အသိပညာပေး လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် () ဦး၊ စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့ ပါဝင်သော အဖွဲ့များ ပူးပေါင်း၍ မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် အရေးပေါ် မီးငြှိမ်းသတ်ရေးစနစ်များအား စစ်‌ဆေး၍ ဈေးနှင့် ပတ်သက်၍ လိုအပ်သည့် မီးဘေးလုံခြုံရေးဆိုင်ရာ သရုပ်ပြဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင်မှ ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ကာကွယ်‌ရေး အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ