ကျောင်းကုန်းမြို့ ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္မဒီပလိုမာ Level(1) စာမေးပွဲ ဧရာဝတီစာဖြေဌာန (၁)၌ ဖြေဆို

ကျောင်းကုန်း ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက် ဒက္ခိဏာရာမ(ရွှေကျင်) ပရိယတ္တိစာသင်တိုက် မျက်ရှင်တော် ပြည်လုံးချမ်းသာ ဘုရားကြီးဝန်းအတွင်းရှိ ဓမ္မသဟာယမဉ္ဇရီဗိမာန်တွင် ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္မ ဒီပလိုမာ Level (1) စာမေးပွဲ ဧရာဝတီစာဖြေဌာန(၁)ဖြေဆိုမှုကို ယနေ့ မွန်းလွဲ ၁ နာရီအချိန် စတင်ဖြေဆိုခဲ့ကြသည်။

အဆိုပါ သုတဓမ္မဒီပလိုမာ Level (1) စာမေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရဟန်း (၂)ပါး၊ အမျိုးသား(၄)ဦးနှင့် အမျိုးသ မီး(၄၀)ဦး၊ စုစုပေါင်း (၄၆)ဦးသည် Level(1) ဝင်ရောက် ဖြေဆိုခဲ့ကြရာ ဒက္ခိဏာရာမ (ရွှေကျင်) ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာ ယက ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယ ဦးဆောင်သော သံဃာတော်များကြီးကြပ်လျက် မေးခွန်း(၁)ပုဒ်လျှင် (၁၀)မှတ်စီဖြင့် မေးခွန်း(၁၀)ပုဒ်အား ဖြေဆိုချိန် (၃)နာရီပေး ထားရာ ညနေ  ၄ နာရီအချိန်ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)