ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

ညောင်ဦး ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံးကြီးမှ  အထူးကု ဆရာဝန်ကြီးများပါဝင်သော အထူးကုအဖွဲ့မှ  တောင်ဇင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ခြင်းကို  ယမန်နေ့ နံနက်ပိုင်းက တောင်ဇင်းအုပ်စု တိုက်နယ်ဆေးရုံဝင်းအတွင်း ကုသခြင်းများဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက် ဖြင့် ညောင်ဦးခရိုင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းနှင့် အတူ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသမှု အဖွဲ့သည် မိတ္ထီလာမြို့နယ် တောင်ဇင်းအုပ်စုတွင် အထူးကုကွင်းဆင်း ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင်  အထူးကုဆရာဝန်ကြီးများမှ သွားနှင့်ခံတွင်း၊ အကောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး၊ မျက်စိ၊ အရိုးအကြော၊ အရေပြား၊ သားဖွားမီးယပ်၊ ကလေး၊ ခွဲစိတ်နှင့် သမားတော်၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသည့် လူနာများအား ကွင်းဆင်းကုသပေးလျက်ရှိ ကြောင်း သိရသည်။

တောင်ဇင်းအုပ်စု တောင်ဇင်းတိုက်နယ်ဆေးရုံအတွင်း အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေး ကုသရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင် စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦး ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်း၊ ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်တို့မှ ဆေးကုသရာတွင် လာရောက်ပြသသည့်လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း