မိုင်းယောင်း ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စားရေရိက္ခာ ဖူလုံစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်အဖွဲ့များနှင့်အတူ ဝမ်မန်းအုပ်စု၊ ကျန်းတောင်းကျေးရွာတွင် တောင်သူ ဦးအိုက်ရှဲန်ရွက်၏ မိုးစပါး တင်း ၂၀၀ သိုလှောင်ထားရှိမှုနှင့် နွေစပါး ၁ ဒသမ ၀၈ ဧက စိုက်ပျိုးထားရှိမှု၊ တောင်သူ ဦးအိုက်ကောင်၏ မိုးစပါး တင်း ၁၀၀ သိုလှောင်ထားရှိမှုနှင့် နွေစပါး ၂ ဒသမ ၄၈ ဧက စိုက်ပျိုးထားရှိမှုနှင့် တောင်သူ ဒေါ်အီဖတ်၏ နွေစပါး ၂ ဒသမ ၀၇ ဧက စိုက်ပျိုးထားရှိမှုအားလည်းကောင်း၊ ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာတွင် တောင်သူ ဦးအိုက်ကောင်ခမ်း၏ နွေစပါး (၁)ဧကနှင့် တောင်သူ ဦးအိုက်ရှဲန်၏ နွေစပါး (၄)ဧက စိုက်ပျိုးထားရှိမှုအားလည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးသည် ဝမ်ဒန်ကျေးရွာနှင့် ကျန်းတောင်းကျေးရွာ ဆက်သွယ်ထားသော ဝမ်ဒန်တံတားခံနိုင်ဝန် ကြံ့ခိုင်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ကျပ်(၂၅)သန်းဖြင့် မြို့ပိုင်ရုံး(ဟောင်း) ပြုပြင်တည်ဆောက်မည့်နေရာနှင့် အခြားပြုပြင်ရန် လိုအပ်သည့်နေရာများအား သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း