မိုင်းယောင်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရာ၌ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်မှူး ဦးနီစိုးကျော်၊ မိုင်းလွေနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရှေခင်ကျေးရွာ တာဝန်ခံတို့နှင့်အတူ မိုင်းဖြတ်မြို့နယ် ကန်လုံ (640 kW) ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအား ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာ နမ့်ပုန်းချောင်း၊ ဟိုဒုံးကျေးရွာ နမ့်ယောင်းချောင်းနှင့် ဆွတ်ပလောင်းကျေးရွာ နမ့်ယောင်းချောင်း စသည့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် နေရာများကို နိုဝင်ဘာ (၂၈) ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
စိုင်းအောင်ဇော်လင်း