စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စစ်ဆင်ရေးဆေး ပဒေသာပင်သို့ အလှူငွေများလှူဒါန်း

ပြင်ဦးလွင် ဒီဇင်ဘာ ၁၇

ပြင်ဦးလွင်မြို့၊ အမှတ်() တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) တွင် ဆေးဝါးတက်ရောက် ကုသနေသော စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သား များအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စစ်ဆင်ရေးဆေး ပဒေသာပင်သို့ အလှူငွေများလှူဒါန်းပွဲအခမ်းနားကို ယနေ့ မွန်းလွဲ (၁၃) နာရီက ပြင်ဦးလွင်မြို့၊ အမှတ်() တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်က စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သား များအား အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စစ်ဆင်ရေးဆေးပဒေသာပင်သို့ အလှူငွေများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက စစ်ဆင်ရေးဆေး ပဒေသာပင်သို့ အလှူငွေကျပ်သိန်း ၁၀၀ နှင့် စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သားများအတွက် ငွေကျပ် ၉၇ သိန်းတန်ဖိုးရှိ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များအား တပ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်ထံသို့ ပေးအပ်လှူဒါန်းရာ တပ်မှူးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမှတ်() တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) တွင် ဆေးဝါးတက်ရောက်ကုသနေသော စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သားများအား အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များကို ကုသဆောင်များအရောက် သွားရောက်၍ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)