မြင်းခြံမြို့၌ ခရိုင်/မြို့နယ်အဆင့် Grade 5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြင်းခြံ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/မြို့နယ်အဆင့် Grade 5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် နည်းပြများက စာမေးပွဲအတွက် သင်ခန်းစာများ မေးခွန်းထုတ်ရန် အသီးသီး ဆွေးနွေးခဲ့ကြသည်။ "ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မှာ grade 5 ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေးအပြင် စာမေးပွဲဖြေဆိုရာတွင် အထောက် အကူပြုစေရန် အချက်များ၊ Grade 5 သင်ကြားနေသော ဆရာ/ဆရာမများ သင်ကြားရေးပိုင်းမှာ ထိရောက်မှုရှိစေရန်အတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်" ဟု ခရိုင် ပညာရေးမှူး ဦးအုန်းလှိုင်က ပြောသည်။

အဆိုပါ ခရိုင်/မြို့နယ်အဆင့် Grade 5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြင်းခြံမြို့နယ်မှ ဆရာ/ဆရာမ (၄၀၀) ဦး၊ တောင်သာမြို့နယ်မှ ဆရာ/ဆရာမ (၁၀) ဦးနှင့်  နွားထိုးကြီးမြို့နယ်မှ ဆရာ/ဆရာမ (၁၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။                          

ကျော်စွာ(မြင်းခြံ)