သတင်းများ

ကော့သောင်းမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး (မြစိမ်းရောင်) စီမံကိန်းဖြင့် မိုးစပါးစိုက်ပျိုးတောင်သူများအတွက် ရိတ်သိမ်းစက်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (မြစိမ်းရောင်) စီမံကိန်းဖြင့် မိုးစပါးစိုက်ပျိုးတောင်သူများ အချိန်မီရိတ်သိမ်းနိုင်ရန်အတွက် ရိတ်သိမ်းစက်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) အချိန်က စပါးစိုက်ဧကဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း၏ (၁၀) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပ
Dec 17,2023
မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း၏ (၁၀) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အရှိုချင်းရိုးရာကောက်သစ်စားပွဲ အခမ်းအနားတက်ရောက်
Dec 17,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့်မှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်တွင် ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သော အရှိုချင်းရိုးရာကောက်စားပွဲအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့် (G-5) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နစ်၊ မူလတန်းအဆင့်(G-5)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို၊ ဒီဇင်ဘာ(၁၇)ရက်နေ့ နံနက်(၉)နာရီက စတင်ကျင်းပခဲ့ကြောင်းသိရပြီး၊ အခမ်းအနားတွင် ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ ဆရာကြီးဦးရဲမြင့်(လက်ထောက်ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က Grade-5 စာမေးပွဲဆုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာများကို ရှင်းလင်းပြောကြားကာ၊ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် (၁) နှစ်မှ (၅) နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ပေး
Dec 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် (၁) နှစ်မှ (၅) နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် လှည့်လည်ဆောင်ရွက် ပေးလျှက်ရှိရာ ဒီဇင်ဘာ (၁၇) ရက်နေ့ နံနက် (၉) နာရီက အောင်မင်္ဂလာရပ်ကွက် ဗောဓိညောင်ပင်ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Dec 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သရက်မြို့၌ စက်လှေဆိပ်ရှိ မြေစိုက်တဲတစ်လုံး မီးလောင်မှုဖြစ်ပွား
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ဈေးရပ်ကွက်ရှိ စက်လှေဆိပ်တွင် ၁၆ ပေ × ၂၀ပေ သွပ်မိုး၊ ဝါးထရံကာ အဆောက်အဦတစ်လုံး ဒီဇင်ဘာ ၁၇ ရက် နံနက် (၀၂:၂၅) နာရီ အချိန်တွင် စက်လှေဆိပ်ရှိ အမှိုက်ပုံမှတဆင့် ကူးစက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်သဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၅)ဦးက မီးသတ်ရေယာဉ် (၂) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၀၂:၃၀) နာရီအချိန်တွင် မီးညွှန့်ကျိုး၍ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင် ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာတွင် ကောက်ရိုးထုံး စက်ကိရိယာ (Round Baler) နှင့် ရိုးဖြတ်ရိတ်စက်ကိရိယာ Mower (Rotary Mulcher) တောင်သူပညာပေးသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Dec 17,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်သည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ (၁၇) ရက်၊ ယနေ့နံနက် (၈) နာရီ (၄၀) မိနစ်အချိန်က ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားရှိသော လယ်လှကုန်းကျေးရွာ ကွင်းအမှတ် (၉၈၃) ရှိ တောင်သူဦးနိုင်ဝင်း၏ မိုးစပါးအထွက်တိုး စံပြကွက်တွင် ပြုလုပ်သည့် ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) နှင့် ရိုးဖြတ်ရိတ်စက်ကိရိယာ Mower (Rotary Mulcher) တောင်သူပညာပေး သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများအား စိုက်ပျိုးစွမ်းအားကဏ္ဍ မြှင့်တင်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။