မင်းလှမြို့နယ်တွင် သုတဓမ္မဒီပလိုမာ စာမေးပွဲဖြေဆို ကျင်းပ

မင်းလှ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပညာဘူမိတက္ကသိုလ် (University Of Wisdom Land) မှ ကြီးမှူးကျင်းပသည့် သုတဓမ္မဒီပလိုမာစာမေးပွဲ ပဲခူးစာဖြေဌာန (၅) ကို အမှတ် (၆) ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ဒီဇင်ဘာ (၁၆) ရက် နေ့လယ် (၁း၀၀) နာရီချိန်က စတင်ဖြေဆို ကျင်းပခဲ့သည်။

စာမေးပွဲကို ပညာဘူမိတက္ကသိုလ်မှ ဆရာတော် ဥုးအဂ္ဃသီရိနှင့် မင်းလှမြို့ သုတဓမ္မဒီပလိုမာ စာမေးပွဲကြီး ကြပ်ရေးအဖွဲ့ ဆရာတော်များတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သာယာဝတီခရိုင် (၈) မြို့နယ်နှင့် ပေါင်းတည်မြို့နယ်မှ သုတဓမ္မဒီပလိုမာ Level -1 ဝင်‌ရောက်ဖြေဆိုရန် စာရင်ပေးသွင်းထားသူ (၁၀၄) ဦးအနက်မှ သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ (၆၃) ဦးဝင်ရောက်ဖြေဆိုခဲ့ကြသည်။

အဆိုပါသုတဓမ္မဒီပလိုမာ Level -1 စာမေးပွဲကို နေ့လယ် (၁း၀၀) နာရီမှ ညနေ ၄ နာရီချိန်ထိ ကျင်းပပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ (၁၇) ရက်နေ့တွင် Level -2၊ Level -3 အဆင့်စာ‌မေးပွဲကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)