လွိုင်လင်-ပင်လုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

လွိုင်လင် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်လင်-ပင်လုံ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံး‌ဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ အဆမတန်ရောင်းချမှုမရှိစေရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် လွိုင်လင်ခရိုင် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ သယ်ယူချက်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့က ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ခရိုင်ရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လမ်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စက်သုံးဆီရောင်းချရေးလုပ်ငန်းရှင်များအဖွဲ့တို့မှ တာဝန်ရှိသူများက လွိုင်လင်မြို့ပေါ်နှင့် ပင်လုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၆) ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)