သတင်းများ

ညောင်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Dec 18,2023
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီက မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းလျက်ရှိပြီး ယနေ့အထိ မိုးစပါးဧကသုံးသောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီး
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နိုဝင်ဘာလဆန်းပိုင်းကစပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံစိုက်ဧကသုံးသောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မလှိုင်မြို့ရှိ တည်းခိုခန်းများတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 18,2023
မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်(၁၀)နာရီအချိန်က မလှိုင်မြို့တွင် မြို့နယ်စည်ပင်သယာရေး အဖွဲ့၏ လိုင်စင်ဖြင့် ဖွင့်လှစ်ထားရှိသော တည်းခိုခန်းများ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခိုလမ်မြို့တွင် သန့်ရှင်းသာယာလှပစေရန် လုပ်ငန်းများဆောင်ရွက်
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ
Dec 18,2023
ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၈ ခွဲက မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် အားကစားခန်းမတွင် ကျင်းပသည်။
ဖျာပုံမြို့နယ်တွင် ဆောင်းသီးနှံ နေကြာမျိုးစေ့နှင့်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ပေးအပ်ပွဲနှင့် မျိုးစေ့စိုက်ပျိုးပွဲကျင်းပ
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကိုးအိမ်တန်းကျေးရွာအုပ်စု၊​ နောင်တော်ကြီးကျေးရွာ၊ တောင်သူဦး​ဇော်လှိုင်ထွန်း၏ ဦးပိုင်အမှတ် (၈/၃) ၊ ကွင်းအမှတ် (၅၁၄-ခ)၊ လယ်မြေဧက (၃) ဧကတွင် ၂၀၂၃- ၂၀၂၄ ခုနှစ် စီမံကိန်းဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်းနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာရှိ တောင်သူ၏ လယ်မြေတွင် ပြုလုပ်ကြသည်။
လပွတ္တာမြို့နယ် လူငယ်အားမာန်သင်တန်းကျောင်းတွင် “လူငယ်စကားဝိုင်း” ကျင်းပ
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊​လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်အားမာန်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က လပွတ္တာမြို့ ၃ မိုင်လူငယ်အားမာန်သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့၌ တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများမပြုလုပ်ရန် အသိပညာပေးဟောပြော
Dec 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများမပြုလုပ်ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နမ့်နော်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။