သတင်းများ

ဝမ်းတွင်းမြို့နယ်၌ “လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲ” ကျင်းပ
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပ
Dec 18,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့နံနက် ၁၁ နာရီအချိန်က ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် မိုးစပါးဆင်းသုခများ စံကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 18,2023
၂၀၂၃-၂၀၂၄ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးဆင်းသုခများစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တံတားဦးမြို့နယ် ပြူကန်ကျေးရွာ တောင်သူဦးဝင်းချို ကွင်းအမှတ်(၁၃၄၀) ၊ ဦးပိုင်အမှတ်၊ ၂၃၇က/၁ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် လူသုံးကုန်ပစ္စည်များ၊ စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သင်ပုတ်ကျေးရွာအုပ်စု၊ သင်ပုတ်ကျေးရွာရွာလယ်ဓမ္မာရုံတွင် စားသုံးသူရေးရာ အသိပညာပေးပွဲ ဟောပြောပွဲနှင့် ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) (၁၆)ကြိမ်မြောက် ပန်းပွဲတော် "Flower Dreamland" ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 18,2023
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) (၁၆)ကြိမ်မြောက် ပန်းပွဲတော် "Flower Dreamland" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဦးယဉ်ထွေး၊ မန္တလေးတိုင်း ဒေသကြီးသယံဇာတဝန်ကြီး ဦးရွှေစင်၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တပ်နယ်လက်အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်ရဲမှူး ဒုရဲမှူးကြီးဝဏ္ဏစိုးအောင်၊ ပြင်ဦးလွင်ခရိုင်သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သူ၊ ပြင်ဦးလွင်ခရိုင်မန်နေဂျာ ဦးမြသောင်း၊ ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိ၊ ပြင်ဦးလွင်ခရိုင်ပညာရေးမှူး ဒေါက်တာ ရွှေစင်အိနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်ရဲမှူး ရဲမှူးကျော်ဝင်းနှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လာရောက်လည်ပတ်သူများ စုစုပေါင်းအင်အား (၈၀၀)ဦးခန့် တက်ရောက်သည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အခြေခံစည်းမျဉ်းရှင်းလင်းခြင်းနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်း အခမ်းအနားကျင်းပ
Dec 18,2023
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အခြေခံစည်းမျဉ်းရှင်းလင်းခြင်းနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခန်းမ(လွှတ်တာ်ရုံးဟောင်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
မှော်ဘီမြို့နယ်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသ
Dec 18,2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မှော်ဘီမြို့နယ်ရိုးဝကျေးရွာတွင် ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးပေါ်ချိန် စပါးတင်းတစ်ရာ ငွေကျပ်သိန်း ၂၀ ကျော်ထိ ဈေးကောင်းရ
Dec 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများသည် ဆောင်သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းရိတ်သိမ်းလျက်ရှိရာ ယခုနှစ်မိုးစပါးပေါ်ချိန် မှော်ဘီဆန်းစပါးမျိုး တင်းတစ်ရာ ငွေကျပ် ၂၀၆၀၀၀  အထိ စျေး‌ကောင်းရရှိပြီး အရောင်းအဝယ်‌ဖြစ်လျက်ရှိကြောင်း သိရသည်။