လပွတ္တာမြို့နယ် လူငယ်အားမာန်သင်တန်းကျောင်းတွင် “လူငယ်စကားဝိုင်း” ကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊​လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်အားမာန်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က လပွတ္တာမြို့ ၃ မိုင်လူငယ်အားမာန်သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လူငယ်အားမာန်သင်တန်းကျောင်း Grade (9) A မှ မောင်အောင်မြတ်ကျော်က “ကျောင်းသားဘဝ”၊မောင်ထွန်းနိုင်”က မိဘတွေက သားသမီးတွေကို ပျက်စီးအောင်ပြုလုပ်တယ်”၊ မဆုမြတ်နိုးက “ဆားဒယ်”နှင့် မဝသုန်မိုးက “ခေတ် “စသည့်ခေါင်းစဥ်တို့ဖြင့် တစ်ဦးချင်းအလိုက် ဆွေးနွေး​ပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးတင်မောင်ဦးနှင့် ဦးဆောင်ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။ အဆိုပါစကားဝိုင်းသို့ လူငယ်အားမာန်သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၉၇) ဦးခန့် တက်ရောက်ခဲ့​ကြပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)