သတင်းများ

ရွှေကျင်မြို့နယ် မူလတန်းကြိုကျောင်းတွင် ကလေးငယ်များအား အာဟာရဖြည့်စွက်စာ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခြင်းများ ဆောင်ရွက်
Dec 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်ရှိ ရွှေကျင်မူလတန်းကြိုကျောင်းတွင် ကလေးငယ်များအား အာဟာရဖြည့်စွက်စာ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပညာရေးဌာနမှကြီးမှူး၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်၊ မူ) အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
နတ်မောက်မြို့နယ်တွင် ဆောင်းမြေပဲများ စတင်နှုတ်သိမ်း
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း ဆောင်းမြေပဲများ စိုက်ပျိုးထားသည့် တောင်သူများသည် ဒီဇင်ဘာ ဒုတိယပတ်မှစတင်၍ ဆောင်းမြေပဲများ နှုတ်သိမ်းနေကြပြီ ဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ခရစ္စမတ်အခမ်းအနားပြုလုပ်
Dec 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့်ခရစ္စမတ်နေ့အခမ်းအနားကို ကြိုဆိုသောအားဖြင့် သံတောင်ကြီးမြို့ရပ်ကွက်အသီးသီးရှိ ဓမ္မပညာကလေးငယ်များ၏ စုပေါင်းခရစ္စမတ်အခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် မြန်မာပြည်အလယ်ပိုင်းဒေသထွက် ပဲမြစ်များ ယခုနှစ်တွင် ဈေးကောင်းရ
Dec 18,2023
မြန်မာပြည်အလယ်ပိုင်းဒေသထွက် ပဲမြစ်များ လားရှိုးမြို့တွင် ဈေးကောင်းရလျက်ရှိနေပြီး ရောင်း ကောင်းလျက်ရှိနေကြောင်း သိရသည်။
လဲချားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့သို့ ရောက်ရှိနေသော ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Dec 18,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့သို့ ရောက်ရှိစဉ် ထောက်ပံ့ပေးအပ်ခဲ့သည့် စားသောက်ဖွယ်ရာများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ်များမှ လားရှိုးမြို့ပေါ်သို့ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျုံ‌ပျော်ခရိုင်၌ ပြုလုပ်သည့် (MSMEs) ဒေသထွက်ကုန်ပစ္စည်းများ ပြပွဲအားတက်ရောက် ကြည့်ရှုအားပေး၊ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့် တွေ့ဆုံ
Dec 18,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ကျုံ‌ပျော်ခရိုင်၌ ပြုလုပ်သည့် (MSMEs) ဒေသထွက်ကုန်ပစ္စည်းများပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ် အားကစားခန်းမတွင် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။