ဖျာပုံမြို့ အမှတ် (၁၈) ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေး
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၈) နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၈) ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။