သတင်းများ

ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရန် Plastic Campaign ဆောင်ရွက်
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာအဖွဲ့အစည်းများမှ Plastic Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီ အချိန်က ဆင်ပေါင်ဝဲမြို့ မင်းအောင်ရပ်ကွက်ရှိနေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဒေါ်ကြည်ကြည်မြင့်၏ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ခင်း နှစ်ဧက၌ ယနေ့နံနက် ၇ နာရီခွဲက စံကွက်ရိတ်သိမ်းပွဲကျင်းပကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade- 4)မှ (Grade-12) ဒီဇင်ဘာလစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆို
Dec 18,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade-4) မှ (Grade-12)ထိ ကျောင်းသား၊ကျောင်းသူများသည် ယနေ့နံနက် ၉ နာရီက စတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၄၄၂ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Dec 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၄၄၂)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 18,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်ထောင့်ကျေးရွာအုပ်စု၊ တောင်ထောင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေအား ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသံမစဲဥပ္ပါတသန္တိကျမ်း ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ တက်ရောက်ကြည်ညို
Dec 18,2023
၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သော အသံမစဲဥပ္ပါတသန္တိကျမ်း ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။
မင်းဘူးမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။