သတင်းများ

ရွှေပြည်သာမြို့နယ်၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများ ဆောင်ရွက်
Dec 18,2023
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်သည် ရွှေပြည်သာမြို့နယ်၌ မြန်မာ့အီလက်‌ထရောနစ်မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး‌လေ့လာခြင်းများကို ယ‌နေနံနက် (၉)နာရီက ရွှေပြည်သာမြို့နယ် အ.ထ.က(၁) ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။
ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ သရုပ်ပြဆောင်ရွက်
Dec 18,2023
မြို့နယ်တွင်းမီးဘေးအန္တရာယ်ကင်းဝင်းစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ (၁၇) ရက် နေ့လယ်ပိုင်းအချိန်တွင် ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောမှုနှင့်အတူ မီးငြိမ်းသတ်ရေး သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ချောင်းသာမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပေးနှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာမ ခင်‌စောတင့်ရေးသားသော "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း‌ပြုလုပ်ကျင်းပခဲ့သည်။
ကလေးမြို့နယ် စုပေါင်းရုံးတွင် ကလေးငယ်များကို ကာကွယ်ဆေးများထိုးနှံပေး
Dec 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်စုပေါင်းရုံးတွင် နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ကျောင်းသားလူငယ်များ အသိပညာတိုးပွားရရှိစေရေး ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး
Dec 18,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ၊လူငယ်လူရွယ်များ အသိပညာတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 18,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်ဘာသာ ရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ကုလားပဲ ၂၆၈၁ ဧကစိုက်ပျိုးပြီးစီး
Dec 18,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ကုလားပဲ ၂၆၈၁ ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ ပဲစိုက်ခင်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။