ဖျာပုံမြို့နယ်တွင် ဆောင်းသီးနှံ နေကြာမျိုးစေ့နှင့်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ပေးအပ်ပွဲနှင့် မျိုးစေ့စိုက်ပျိုးပွဲကျင်းပ

ဖျာပုံ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကိုးအိမ်တန်းကျေးရွာအုပ်စု၊​နောင်တော်ကြီးကျေးရွာ၊ တောင်သူဦး​ဇော်လှိုင်ထွန်း၏ ဦးပိုင်အမှတ် (၈/၃) ၊ ကွင်းအမှတ် (၅၁၄-ခ)၊ လယ်မြေဧက (၃) ဧကတွင် ၂၀၂၃- ၂၀၂၄ ခုနှစ် စီမံကိန်းဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်းနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာရှိ တောင်သူ၏ လယ်မြေတွင်ပြုလုပ်ကြသည်။

အဆိုပါ ဆောင်းသီးနှံနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့စိုက်ပျိုးပွဲသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ် ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ ကိုးအိမ်တန်း ကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာရှိတောင်သူများ တက်ရောက်ကြပြီး၊ ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆောင်းသီးနှံနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ကြရာ၊ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာရှိ တောင်သူများက လက်ခံရယူကြသည်။ ထို့နောက်​ အရည်အ​သွေးမြင့်နေကြာစပ်မျိုး (SUPER. SUN -41) မျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား နောင်တော်ကြီးကျေးရွာ၊တောင်သူ ဦးဇော်လှိုင်ထွန်း၏ ဦးပိုင်အမှတ် (၈/၃) ၊ ကွင်းအမှတ် (၅၁၄-ခ) ၊ လယ်မြေ (၃) ဧကပေါ်တွင် စိုက်ပျိုးကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးဧက (၉၀၅၆၆) ဧကနှင့်ဆောင်းနေကြာ (၅၇၄) ဧက၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် (၁၆၀၀) ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)