ညောင်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ညောင်ဦး ဒီဇင်ဘာ ၁၈

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ကျောင်းသား/ကျောင်းသူ လူငယ်/လူရွယ်များ ဘက်စုံထူးချွန်သော  လူရည်ချွန်မောင်မယ်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန် နံရံကပ်စာစောင်နှင့် စာအုပ်များပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပညာပေးဟောပြောသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာစောင်နှင့်လွတ်လပ်ရေးရရှိရန် နိုင်ငံ့ခေါင်းဆောင်များကြိုးပမ်းခဲ့သည့် မှတ်တမ်းဓာတ်ပုံ နံရံကပ်စာစောင်များပြသပေးခဲ့ပြီး  သုသ/ရသစာအုပ်များနှင့် တိုင်းရင်းသားရိုးရာပုံပြင် စာအုပ်များအား ကျောင်းသား/ကျောင်းသူများ ကြည့်ရှုစေကာ စာအုပ်ပြပွဲကျင်းပပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း