ခိုလမ်မြို့တွင် သန့်ရှင်းသာယာလှပစေရန် လုပ်ငန်းများဆောင်ရွက်

ခိုလမ် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ခွဲတာဝန်ခံ ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ်၊ ပြည်သူ့ပန်းခြံနှင့် လမ်းမကြီးဘေး ဝဲ၊ ယာ  တွင် မိုးတွင်းအခါ ပေါက်ရောက်လျက်ရှိသော ချုံ၊ နွယ်များ၊ မြက်များရှင်းလင်းခြင်းနှင့် အမှိုက်ကောက် မီးရှို့ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြို့သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)