သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာဆောင်ရွက်
Dec 20,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကရင်ဆိပ်ကျေးရွာအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်တင်ကာ ခေတ်မီစံပြကျေးရွာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကျေးရွာတွင် အခြေခံအဆောက်အဦများဖွံ့ဖြိုးစေခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ဆောင်ရွက်ခြင်း၊ သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများ နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးလက်စီးပွားရေးမြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိစေသော နေချင့်စဖွယ် စံပြကျေးရွာဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာစီမံကိန်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။