သတင်းများ

ကျိုင်းတုံမြို့ ဓမ္မောဒယစာသင်တိုက် ပဓာနနာယကဆရာတော်၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနား ဘုရားကိုးဆူကျောင်း၌ ကျင်းပသွားမည်
Dec 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဓမ္မောဒယစာသင်တိုက်၊ ပဓာနနာယကဆရာ‌တော် ဘဒ္ဒန္တနန္ဒမေဓာ၊ သက်တော်(၆၄)နှစ်၊ ဝါတော်(၄၄)ဝါ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပရေးအတွက် ဖွဲ့စည်းထားသော နာယကဆရာတော်ကြီးများနှင့်ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၃ နာရီက ဓမ္မောဒယစာသင်တိုက်ခွဲ၊ ဘုရားကိုးဆူကျောင်းတွင် ကျင်းပသည်။
ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ်၊ ကိုယ်ပိုင် (သို့မဟုတ်)ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာနှင့် အမိန့်ကြော်ငြာစာ ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Dec 20,2023
ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ၂၀၂၃ခုနှစ်၊ ကိုယ်ပိုင် (သို့မဟုတ်)ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာနှင့် အမိန့်ကြော်ငြာစာ ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ဟုမ္မလင်းမြို့၌ အခြေခံငါးမွေးမြူရေးသင်တန်း သင်ရိုးအမှတ်စဥ်(၁) ဖွင့်လှစ်
Dec 20,2023
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် စစ်ကိုင်းက ဦးဆောင်ပြီး Worldish မှ နည်းပညာပံ့ပိုးမှုဖြင့် ကြီးမှူးကျင်းပသည့် အခြေခံငါးမွေးမြူရေးသင်တန်း သင်ရိုးအမှတ်စဥ်(၁) ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ဟုမ္မလင်းခရိုင်၊ မြေနီကုန်းရပ်ကွက်၊ ဟန္နမိဘမဲ့ဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ရွှေဘိုပေါ်ဆန်းမွှေးနှင့် စားအုန်းဆီများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 20,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စားသုံးမှုအဆင်ပြေစေရန်အတွက် ရွှေဘိုပေါ်ဆန်မွှေး (၂၄)ပြည်အိတ် တစ်အိတ်လျှင် ငွေကျပ် ၁၂၆၀၀၀/-နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုဆလတ်ကျိုးတစ်အိပ်လျှင် ငွေကျပ် ၁၀၅၀၀၀/-နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၇၀၀/-နှုန်းဖြင့်လည်းကောင်း ယမန်နေ့နေ့လည် (၂) နာရီအချိန်က မြို့မရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမ၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေး ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Dec 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြု ငှက်ဖျား‌ရောဂါကာကွယ်ရေးစီမံကိန်း (Township Coordination and Advocacy Meeting) အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
မိုးကုတ်မြို့နယ်၊ အ.ထ.က (ရေဦးကြီး)ကျောင်းတွင် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်
Dec 20,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း (ရေဦးကြီး)၌ ဒီဇင်ဘာ(၁၈)ရက်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများမြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 20,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ (၄-၁၂-၂၀၂၃)ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်စက်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းအစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား/အမျိုးသမီး အလွတ်တန်းဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကျင်းပ
Dec 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်တွင် (၂၀-၁၂-၂၀၂၃)ရက်နေ့ နံနက်(၆)နာရီအချိန်က ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား/အမျိုးသမီး အလွတ်တန်းဖိတ်ခေါ် စက်ဘီးပြိုင်ပွဲပန်းဝင်ခြင်း၊ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။