သတင်းများ

မှိုင်းပန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး
Dec 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မှိုင်းပန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ပြောင်သေကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်းပြီးစီး
Dec 20,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြောင်သေကျေးရွာအုပ်စု၊ ပြောင်သေကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ(၅၀)ရာခိုင်နှုန်းပြီးစီး၍ ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ၂၃၇၈ ဧကစိုက်ပျိုးမည်
Dec 20,2023
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင် ဟင်းသီးဟင်းရွက်သီးနှံ ၂၃၇၈ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောက်မြို့နယ်အတွင်းရှိ ​ဆေးဆိုင်နှင့် ကုန်စုံဆိုင်များအား  မ​ကွေးတိုင်း​ဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေး
Dec 20,2023
မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ​ဆေးဆိုင်နှင့် ကုန်စုံဆိုင်များအား ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မ​ကွေးတိုင်း​ဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆေးဆိုင်နှင့် ကုန်စုံဆိုင်များ၌ ​ရောင်းချ​သော ဆေးဝါးနှင့်စားသောက်ကုန်များတွင် အညွှန်းများ တပ်ဆင်မှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် (FDA)မှ တားမြစ်ထား​သော ​ဆေးဝါးနှင့် စား​သောက်ကုန်များ​အား ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။
မြိုင်မြို့တွင် အများပြည်သူသွားလာရာတွင် အန္တရာယ်မဖြစ်စေရေး၊ လျှပ်စစ်ဓာတ်အားလေလွင့်မှုမရှိစေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် သစ်ပင်သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်
Dec 20,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် အများပြည်သူသွားလာရာတွင် အန္တရာယ်မဖြစ်စေရေး၊ လျှပ်စစ်ဓာတ်အားလေလွင့်မှုမရှိစေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကံမမြို့တွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
Dec 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နေ့လည်(၂)နာရီက ပြည်သူများအား ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
Dec 20,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲတွင် မကွေးမြသလွန်စေတီတော်ရှိ မဟာဝိဇယရံသီတန်ဆောင်း၌ ကျင်းပရာ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယ၊ မြသလွန် ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
တနင်္သာရီတိုင်းဒေသကြီး တက္ကသိုလ်ပေါင်းစုံ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် တိုင်းရင်းသားလူငယ်စကားဝိုင်း မြိတ်တက္ကသိုလ်တွင် ကျင်းပ
Dec 20,2023
မြိတ်တက္ကသိုလ်တွင် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာအမွေ အနှစ်နှင့် ဓလေ့ထုံးတမ်းများ မတိမ်ကော မပပျောက်အောင် ရေရှည်တည်တံစေရန်၊ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် တက္ကသိုလ်ပေါင်းစုံ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် တိုင်းရင်းသားလူငယ် စကားဝိုင်းကို ယမန်နေ့က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။