ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်း​ဒေသကြီးပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ​ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်‌ရေး လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေးနှင့်ပညာရှင်များ ထွန်းကားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန် ​ရွှေဘိုခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်​အေးမြမွန်က အမှာစကား​ပြောကြားရာ၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့အောင် ကျွမ်းကျင်မှုရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ‌စေရေးအတွက် အထောက်အကူပြုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပြီး၊ ကွန်ပျူတာအခြေခံသင်တန်းနည်ပြများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၃/၂၀၂၃ သင်တန်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် (၁၅.၁၁.၂၀၂၃) ရက်နေ့မှ (၂၀.၁၂.၂၀၂၃) ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်​ရောက်ကာ အခမဲ့ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းများအား ဆက်လက်ဖွင့်လှစ်ပို့ချ​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)