သတင်းများ

တနင်္သာရီတိုင်းဒေသကြီး တက္ကသိုလ်ပေါင်းစုံ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် တိုင်းရင်းသားလူငယ်စကားဝိုင်း မြိတ်တက္ကသိုလ်တွင် ကျင်းပ
Dec 20,2023
မြိတ်တက္ကသိုလ်တွင် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာအမွေ အနှစ်နှင့် ဓလေ့ထုံးတမ်းများ မတိမ်ကော မပပျောက်အောင် ရေရှည်တည်တံစေရန်၊ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် တက္ကသိုလ်ပေါင်းစုံ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် တိုင်းရင်းသားလူငယ် စကားဝိုင်းကို ယမန်နေ့က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ် တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားကြီးမှ ထူးခြားသည့် သမိုင်းဝင်အင်္ဂတေပန်းတော့လက်ရာများ ကြည်ညိုလေ့လာနိုင်
Dec 20,2023
တမုတ်ရှင်ပင်ရွှေဂူကြီး ဘုရားကြီးသည် ကျောက်ဆည်-တံတားဦးကားလမ်း ညောင်ပင်ဇောက်ကျေးရွာအနီး ကျောက်ဆည်မြို့၏ အနောက်ဘက် (၆)မိုင်(၃)ဖာလုံခန့်အကွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အရှေ့ဘက်(၄)မိုင် (၅)ဖာလုံခန့်အကွာတွင် တည်ရှိပြီး ထူးခြားသည့် သမိုင်းဝင်အင်္ဂတေပန်းတော့ လက်ရာများ ကြည်ညိုလေ့လာနိုင်ပြီး ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် ရှေးမြန်မာမင်းများနှင့် မြန်မာ့သူတော်စင်ကြီးများ၏ တန်ဖိုးမဖြတ်နိုင်သည့် ရှေးခေတ်ဘာသာရေးကိုးကွယ်ယုံကြည်မှု၊ အနုပညာလက်ရာများနှင့် လူနေမှုအဆင့်အတန်းများကို အနယ်နယ်အရပ်ရပ်မှ ဘုရာဖူးပြည်သူများအနေဖြင့် ကုသိုလ်ပွားများနိုင်ကြောင်း သိရသည်။
သံဖြူဇရပ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်      
Dec 20,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။   
ကာလိမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Dec 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးကိုမြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(မိုင်းယိုင်း)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် ရာသီစာအဖြစ် မုန့်ဩဇာ လုပ်ကိုင်ရောင်းချ၍ မိသားစုများ ပုံမှန်ဝင်ငွေ ရရှိ
Dec 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပဲကြီးလှော်လုပ်ငန်း၊ မုန့်လုပ်ငန်းများနှင့် ဆောင်းတွင်းရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများ တပိုင်တနိုင် လုပ်ကိုင်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး ရေနံချောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Dec 20,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့၌ ရွှေပဲရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် တောင်သူတို့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ရွှေပဲရွက်စိုက်ခင်းများမှာ ရှင်သန်ပြီး ဝေဝေဆာဆာရှိနေကြသည်ကို တွေ့ရသည်။
ပေါက်ခေါင်းမြို့၌ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့မ‌ဈေးကြီးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။