ဖြူးမြို့တွင် ကာကွယ်ဆေးဖြင့်ကာကွယ်၍ ရသောရောဂါများနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း သင်တန်းဆင်း

ဖြူး ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ အပါအဝင်အခြားကူးစက် ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဖြူးမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၇၂)ယောက်အား အဓိကအားဖြင့် လတ်တလော အကြောသေရောဂါ (ပိုလီယို)၊ ဝက်သက်၊ ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ကာကွယ်၊ ဦးနှောက်အမှေးရောင်ရောဂါ၊ မျောက်ကျောက်ရောဂါ၊ ရေကျောက် ရောဂါ၊ ဝမ်းလျောဝမ်းပျက်ရောဂါ၊ မွေးကင်းစမေးခိုင်ရောဂါ၊ ကိုဗစ်-၁၉ ရောဂါများအား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ သင်ခန်းစာများကို (၂)ရက်တာ ပို့ချ ပေးခဲ့ကြောင်းသိ ရသည်။

နေမျိုးလွင်(ပြန်/ဆက်)