ရန်ကုန် ဒီဇင်ဘာ ၂၀
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကရင်ဆိပ်ကျေးရွာအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်တင်ကာ ခေတ်မီစံပြကျေးရွာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကျေးရွာတွင် အခြေခံအဆောက်အဦများဖွံ့ဖြိုးစေခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ဆောင်ရွက်ခြင်း၊ သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများ နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးလက်စီးပွားရေးမြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိစေသော နေချင့်စဖွယ် စံပြကျေးရွာဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာစီမံကိန်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ယခုအခါကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ဆန်စက်ဘေးလမ်း၊ စွယ်တော်လမ်းသွယ်(၁)၊ (၂)ဆေးခန်းဘေးလမ်းတို့အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများနှင့် အမှိုက်ကန်တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းခေတ်မီစံပြကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာရှိ လုပ်ငန်းများအား ဒီဇင်ဘာ ၁၉ ရက်က သန်လျင်ခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကျေးရွာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)